Friday, February 5, 2010

နာကျင်အချစ်

ကိုယ်ထင်ရာ မာနနဲ့
မမြင်ကွယ်ရာမှာလည်း
သိမ်ငယ်စရာတွေ အပြည့်ပေါ့
အလိုရှိတဲ့ အရာတိုင်းဟာ
နှလုံးသားမှာ..
တစစ် တစစ်နာကျင်ခဲ့မှ
ရင်မှာ အလိုပြည့်ရတယ်
ဒီတစ်ခါ မနာကျင်စေရပါဘူးလို့
ဘယ်သူကော အာမခံမလဲ
အမှန်တရားဆိုတာ...
မျက်နှာတွေ များစွာရှိတယ်လေ
ရှု့ထောင့်တွေ တစ်ပုံတစ်ပင်နဲ့
ကိုယ်ယုံကြည်တဲ့ တံခါးကနေ
ကိုယ်တိုင်ဖွင့်ထွက်သွားလို့ရတယ်
အသိသက်သေမလိုတဲ့ နှလုံးသားမှာ
အချစ်ဟာ...
ရဲရင့်တယ်...ပွင့်လင်းတယ်
အမြင်ရှင်းရှင်းနဲ့လည်း ..
တစ်ဘ၀လုံးကြည်နှူးရဲတယ်...
ခပ်ရူးရူး ပြောမယ်ဆိုရင်လေ..
ဆုပ်လည်းစူး.....
စားလည်းရူးပါစေ...............။

0 comments: