Friday, February 5, 2010

စံပယ်ရင်ခွင်

ဖြူစင်မေတ္တာ
သစ္စာနဲ့ မွန်း
ရိုးရှင်းဆုံးသော ချစ်ခြင်းသည်
စံပယ်တွေလိုပဲ မွှေးပေမည်...။
ချစ်ရေးချစ်ရာ
ဖူးစာဖက် အတွက်
ရွေးလွန်းတော့ ခက်ပါသတဲ့
ဖြူလွှလွှ ပွင့်ချပ်
သင်းပျံပျံ ရနံ့ နဲ့
လှပတဲ့ ဒီပန်းကို
ဆင်မြန်းလို့ဝေဆာ
ပျို့ ကေသာမှာ
တစ်ကယ်ဆင် ချင်
တစ်ကယ်မြင်ချင်ရင်ဖြင့်
စံပယ်ရင်ခွင်မှာ......
စံပယ်တွေ ဖွေးဖွေးလှူပ်ပေါ့....။

0 comments: