ီဒီမှာလေ..
ခံစားချက်တစ်ခုရဲ့ နယ်ပယ်
အဝေးဆုံးကို မျှော်တက်လာတဲ့
သက်တံရဲ့အောက်မှာ
မှိုင်းအုံနေတဲ့ တောအုပ်ရယ်
အံသေနေတဲ့ လက်တစ်ချောင်းရဲ့
ခပ်လှလှ တိမ်မျှင် ပန်းချီကားတစ်ချပ်ရှိတယ်..
အဲဒီ ပန်းချီကားကို
မင်း မော့မကြည့်ကြေးနော်။
အဆိုးဆုံးလို့ တွေးထားတဲ့
အပြူံးတစ်နေရာမှာ
မင်း အမုန်းတွေကိုဝှက်ထားတယ်
သူ့ကို မင်းအသံမပေးနဲ့
မနှိုးဆွနဲ့...။
လေးနက်တည်ကြည်တဲ့ ချစ်ခြင်းတရားတွေ
ကစဉ့်ကလျား ဖြစ်ရင်ဖြစ်ပါစေ
မင်းမျက်ဝန်းရှေ့တည့်တည့်မှာ
ငါ နေပူစာလှူံပြမယ်..။
ချိန်ခွင်လျှာ စောက်ထိုးနဲ့
အပေါ်ကို မိုးမိုးတက်လာတဲ့
လူတွေရဲ့ အကြောင်းကိုလည်း
ငါအမြဲ ပြောဘူးတယ်
ဒါပေမယ့် လည်း
မင်းအတောင်ပံတွေ
ရိုက်ချက်ပြင်းနေသေးတယ်....။
ရှိုက်သံတစ်စစ နဲ့
မျက်ဝန်းမှားပြီး ကျကျ လာတတ်တဲ့
မင်းမျက်ရည်တွေကို
ငါတစ်ကယ် ကြောက်မိပါတယ်
ဒါပေမယ့် လည်း
လ မသာ ကြယ်မလင်း ကောင်းကင်မှာ
မင်းအတွက် သက်သက်
အလင်း ဖြာပေးခဲ့တာပါပဲ..။
ပေးဆပ်တာ ၊စွန့်လွှတ်တာ
ခပ်သာသာလေး တွေးမယ်ဆိုရင်တော့
ခဲတံ တစ်ချောင်းချွန်သလောက်ပဲပေါ့..။
ဘာပဲဖြစ်ဖြစ်
ရင်နင့်နင့် ငါ့အဖြစ်ကို
မင်း မသိသလိုနေပါ
တစ်ကယ်တော့ အချစ်ဆိုတာ..
နို့ဆီခွက်ထဲ ငါးမျှားသလို
ဘာမျှော်လင့်ချက်မှ မပါပဲ..
ချစ်လို့ရပါတယ်.................။
Friday, February 5, 2010
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment