Friday, February 5, 2010

ငပျင်းလေး

ဟိုးအဝေးက...
တိမ်တွေပြိုဆင်းသွားတဲ့နောက်မှာ
လူငယ်လေးတစ်ယောက်ကတော့
တစ်ကောက်ကောက်ပေါ့အမေ...
အမေ့ချိုင်းအောက်ကနေကြည့်ဘူးတဲ့
ဘ၀ရဲ့အရောင်မျိုးစုံတွေလည်း
သားတစ်ယောက်လည်း ရဲရဲနီခဲ့ပြီအမေ
လိုချင်တာတစ်ခုနှစ်ခုနဲ့
နှလုံးသားတစ်စုလုံးပေးရတတ်တယ်ဆိုတဲ့ဘဝ
ငိုချင်တာ တစ်ယောက်အတွက်ပေမယ့်
မငြိုငြင်စေချင်တဲ့လူတွေအတွက်
ရယ်ပေးခဲ့ရတတ်တယ်ဆိုတဲ့ဘ၀တွေ
သားဦးနှောက်တွေချာချာလည်ပြီးခဲ့ပါပြီ
သားဟာ "ငပျင်းလေး"ပဲဖြစ်ချင်တယ်အမေ
ချစ်စနိုးနဲ့ အမေခေါ်တဲ့....
အမေ့သား''ငပျင်းလေး''ပေါ့..
အမေ့ချိုင်းအောက်မှာ...........
သားမျက်နှာ ၀ှက်ထားပါရစေအမေ
သားဟာ ''ငပျင်းလေး''ပါနော်..
အမေ့နားမှာ အမေ့ပါးကိုကြူကြူမွှေး
သားအေးအေးနေချင်တယ်အမေ.....
ဘာလို့လည်းလို့အမေမမေးပါနဲ့နော်
ဘယ်သူတွေ ဘယ်လိုမေးမေးလည်း
အမေ့သား ငပျင်းလေးပါလို့
သူတို့တွေယုံအောင်ပြောပေးပါနော်...
ဒီလိုပါပဲအမေရယ်
အချိုအခါးနားမလည်တဲ့သားကို
အမေ့အကြင်နာတရားနဲ့ထွေးဖက်ထားပါ
မျက်ရည်ကျတာတွေ့ရင်တော့သုတ်ပေးပါ
အမ့သားတစ်ခါမှားတာပါလို့
အမေ့မကြားချင်ပါနဲ့အမေ...
အမ့သားပါးနှစ်ဖက်ကို
ပါးကွက်လေးနှစ်ကွက်လောက်တော့ကွက်ပေးပါအမေ..။

0 comments: