Friday, February 5, 2010

မျက်ကွယ်

အယောင်ယောင် အမှားမှားနဲ့
ငါ့ အမြင်တွေစောင်းနေလား
တို့ကျောင်းတော် ကျဉ်းကျဉ်းလေးမှာ
နင့် သတင်းတွေမွှေးနေတယ်
နွေးထွေးတဲ့ နင့်မျက်ဝန်းတွေ
အရောင်တွေလည်းကျဲ
တွဲလက်တွေ လျော့ရဲရဲနဲ့
လမ်းမခွဲကြေး ဆိုတဲ့ စကားလည်း
နင့်နားထဲ မစွဲခဲ့တာသေချာပြီ
ဘယ်သူက ဘယ်သူထက်သာတယ်
ဘယ်သူက ဘယ်လိုပြည့်စုံတယ်လို့
နင်တစ်ကယ် ခြုံငုံတတ်ပြီပေါ့
ယုံတမ်းစကားသက်သက်နဲ့
နင့်ရင်ဘတ်ထဲ...
ငါဝင်ခဲ့တာမဟုတ်သလို
လွန်ကဲတဲ့ သံယောဇဉ်
မွန်မြတ်တဲ့ အချစ်နဲ့
တို့နှစ်ဦး ပတ်သတ်ခဲ့တယ်ဆိုတာ
နင်ကိုယ်တိုင်သိတယ်လေ..
ခပ်ပေပေ ငါ့စရိုက်က
နင့်အတွက်
အလိုက်မသိတာလား
အပျော်အပါး မမက်တဲ့
ငါ့ အကျင့်တစ်ခုက
နင့်အပေါ် ဂရုမစိုက်သလိုများ
ဖြစ်ခဲ့လား...
ဒါပေမယ့်...ငါ့ရင်ခွင်ထဲ
နင့်တစ်ယောက်ပဲ စွဲလမ်းခဲ့တာ
လမ်းမခွဲကြေး ဆိုတဲ့ နင်ကတော့
မျက်ကွယ်မှာ တစ်ခြားတစ်ယောက်နဲ့
နင်အသည်းတွေ 'မာ'ရဲတယ်နော်...။

0 comments: