Sunday, February 7, 2010

ခိုးပွင့်တဲ့နှင်းဆီ

တစ်ဆင့်စကား
တစ်ဆင့်နားနဲ့
မင်း ရည်းစားများတာသိတယ်

နီနီထွေးထွေး
နှုတ်ခမ်းသွေးနဲ့
ပန်းကလေးတွေထက်လှတာသိတယ်

တိတ်တိတ်လေးမြတ်နိုး
ချစ်ရိပ်တွေတိုးရင်း
တစ်ဖြေးဖြေးနဲ့
ဆိုးပြီးရင်း....ဆိုး
ဆိုး.
အဲဒီကောင်လေးရင်ထဲမှာ
နှင်းဆီလေးတစ်ပွင့်
ခိုး...ခိုး
ခိုးပွင့်ခဲ့ဘူးတယ်