Friday, February 5, 2010

ရင်ခွင်သမိုင်း

ဘုံဘေဘားမားကုမ္မဏီမှ
သစ်ခိုးသည်ကို......
မြန်မာမင်းက
ဒဏ်ရိုက်သည်တွင်
၁၈၈၅ တွင်............
တတိယကျုးကျော်စစ်ဖြစ်ပွားခဲ့သည်။

လယ်တောစပ်နား
စွင့်စွင့်ငွားငွား
ပန်းကလေးတစ်ပွင့်ဧ။် ရနံ့မှစ၍
ပန်းရင်ခွင်ဝယ်
ပန်းမာလာစစ်...ဖြစ်ပွားခဲ့သည်။

မလှုပ်မရှား
နှလုံးသားတစ်ခုထဲ
ဖူးသစ်လှပဆဲ မျက်နှာလေးကို
မ၀ံ့မရဲ ......ခိုးကြည့်မိသည်မှစ၍
ကျွန်တော့် ရင်ခွင်မှာ
နှလုံးသားကမ္ဘာစစ်...ဖြစ်ပွားခဲ့သည်။

0 comments: