Tuesday, February 9, 2010

ရနံ့လမ်း

ဒီရနံ့လမ်းလေးထဲ
မ၀ံ့မရဲနဲ့ဝင်ခဲ့မိတယ်
မှော်ရုံတောမဟုတ်ပေမယ့်
အဲဒီလမ်းလေးမှာ
ချစ်စရာပန်းကလေးတစ်ပွင့်ရှိတယ်။

မကြင်နာမှာကြောက်လို့
ဒီရင်ကိုအအောင့်ခံ....
နောက်ပြန်လှည့်ခဲ့တာလည်း
အကြိမ်ကြိမ်ပေါ့။

ဒါပေမယ့်
ခရေ........
နှလုံးသားကခံစား
မြတ်နိုးတမ်းတမှုတွေက
အရှေ့ကနေလမ်းပြသွားတယ် ခရေ။

ဖြေလျော့ချင်ပါရဲ့
လေပြေတွေသာတဲ့အခါ
ခုံမင်ရာ ဒီလမ်းလေးမှာ
ဒဏ်ရာဆိုတာမကျန်စေပါဘူး။

သတိရပါတယ် ခရေ..
မွှေးလွန်းပါတယ် ခရေ
ဖြူစင်ပါတယ် ခရေ..
မြူနှယ်လည်းကင်းပါတယ် ခရေ..

ရင်မှာနမ်းရှိုက်ဖို့
မပန်ထိုက်တဲ့ပန်းလေးမို့
မင်းရနံ့လမ်းလေးမှာ
လေပြေတွေသာတိုင်းရူးနေတော့မယ်ထင်တယ်။

0 comments: